• Enter Slide 1 Title

  • Enter Slide 2 Title

  • Enter Slide 3 Title

  • Enter Slide 4 Title

  • Enter Slide 5 Title

  • Enter Slide 6 Title

  • Enter Slide 7 Title

  • Enter Slide 8 Title

  • Enter Slide 9 Title

Saturday, March 30, 2013

SMPlayer Portable

Portable player လေးထပ်တင်ပေးလိုက်ပါတယ် SmPlayer လေးပါ portable
 လေးဖြစ်လို့ဘယ်စက်မှာမဆို Install လုပ်စရာမလိုပဲတိုက် ရိုက်အသုံးပြုလို့
ရပါတယ်။





  Download>>>>solidfiles (or) dropbox (or) sharebeast

စာလုံးကလေးတွေကို ခုန်အောင်လုပ်ပြီး ညွှန်းကြည့်ရအောင် ..

ကိုယ့် ဘလောဂ့် မှာ စာလုံး ကလေးတွေ ကို ရေးပြတဲ့ အခါ မှာ ကိုယ် က သတိ ထားစေချင်တဲ့ စာလုံးကလေးတွေ ကို ဖော်ပြချင်တဲ့အခါ မှာ စာလုံးကို Bold တင်တာတို့ Italic ထားတာတို့ ဘာတို့ကို သုံးပြီးတော့ ရေးကြတာပေါ့ .. အခု ကတော့ စာလုံးလေးတွေ ကို ခုန်နေအောင်လုပ်တာတို့ .. နောက် က background ကလေးနဲ့ ထားတာတို့ကို ပါ .. Html ကို အတော် အသင့် သိ ထားတဲ့ လူတွေ အတွက်ကတော့ လွယ်လွယ် လေးပါ .. မသိသေးသောသူများအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ .. သိသောသူများ အတွက် တော့ ကျော်ပြီးတော့ ဖတ်သွားပေးကြပါ .. :D .Bold တင်တာ underline တားတာ Italic ထားတာတွေ ကတော့ သိကြမှာပါ .. ရေးလို့ ရတာကလေးတွေ ကို အောက် မှာရေးလိုက်ပါတယ်ခင်ဗျာ... (၆) မျိုးရေးထားလိုက်ပါတယ် ခင်ဗျာ ..

အခုအောက်က တော့ ကိုယ်ရေးတဲ့ စာလုံး ကို ဘေးက နေပြီးတော့ ဘောင်ခတ်တာကလေးပါ .. နမူနာပုံစံ ကလေးကို ကြည့်ကြည့်ပါဦး ...

နမူနာပုံစံကလေးပါ

အဲဒီ့ လိုကလေးရေးမယ်ဆိုရင်တော့ အောက်ကကုဒ်ကလေးနဲ့ ရေးလို့ရပါတယ် ..
<span style="border: 2px solid rgb(30, 0, 255);">သင်ရေးချင်သောစာ</span>


နောက်တစ်မျိုးကတော့ ကိုယ်ရေးထားတဲ့ စာကို မဟုတ်ဘူးတို့ဘာတို့ ပြောချင်တဲ့ အခါမှာသုံးတာပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင်တော့

<s>သင်ထည့်ချင်သောစာ</s>


နောက်တစ်မျိုးကတော့ ကိုယ်ထင်ရှားစေချင်တဲ့ စာလုံးရဲ့နောက်မှာ နောက်ခံအရောင်ထည့်တာပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ...

<span style="background:#60f450">သင်ရေးချင်သောစာ</span>

နောက်ခံ background အရောင်ကတော့ကိုယ်ကြိုက်သလို ပြောင်းလို့ရပါတယ် ...




အခု ဟာကတော့ စာလုံးကလေးကို ခုန်နေအောင်လုပ်တာကလေးပါ .....

 

 နမူနာပုံစံကလေးပါ


ရေးမယ်ဆိုရင် ...

<blink>သင်ရေးချင်သောစာ</blink>

ဒါကတော့ သချာင်္ဂဏန်း တွေမှာလိုပေါ့ ထပ်ညွှန်းတင်တဲ့ ပုံစံသဘောမျိုးပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင် ....

သင်ရေးချင်သောစာ<sup>အပေါ်သို့တင်လိုသောစာ</sup>


ဒါကတော့ သချာင်္ဂဏန်း တွေမှာ ဘေ့စ်မှာချတဲ့ ပုံစံသဘောမျိုးပါ ..

နမူနာပုံစံကလေးပါ

ရေးမယ်ဆိုရင်....

သင်ရေးချင်သောစာ<sub>အောက်သို့ချလိုသောစာ</sub>


စာလုံးကလေးတွေကို ဖော်ညွှန်းပြရင်း ပျော်ရွှင်ကြပါစေခင်ဗျာ ...

Adobe Photoshop CS6 Portable


Adobe Photoshop CS6 Portable လေးပါ ... Portable ဆိုတော့ Run စရာမလိုပဲ ကိုယ်လိုတဲ့ အချိန်မှ သာ ထုတ်သုံးရတဲ့ အတွက် အဆင်ပိုပြေပါတယ် .. ပြီးတော့ ဆိုဒ်အနေနဲ့ ကတော့ အရင်က 400 ကျော် 500 mb လောက် ဒေါင်းရတာကို အခု 100 mb ကျော်ကျော်လောက်ကလေးနဲ့ အသာလေး ဒေါင်းပြီး တော့ သုံးရုံပါပဲ ... 32 Bit နဲ့ 64 Bit အတွက် နှစ်မျိုးလုံးကို တင်ပေးထားလိုက်ပါတယ်... ကျွန်တော်စမ်းကြည့်တာတော့ နှစ်ခုလုံး အဆင်ပြေပါတယ် ..... ထွက်တာကတော့ကြာနေပါပီ ... ဒေါင်းရတာ ကြာမှာစိုးလို့ မသုံးပဲ နေသူများ အတွက် တင်ပေးလိုက်ပါတယ် ... အောက်မှာ dropbox ကနေပဲ တင်ပေးလိုက်ပါတယ် ... Amazon ကနေတော့ ကျွန်တော် နောက် အဆင်ပြေတဲ့ အချိန်မှာ ထပ်ပြီးတော့ တင်ပေးလိုက်ပါမယ်ခင်ဗျာ ... ကဲ .. ပုံတွေ ကို ရွိုင်း ချင်သူများ ဒေါင်းနိုင်ပါပြီ ခင်ဗျာ .... အသုံးပြုနည်းကတော့ အခု တင်ပေးလိုက်တဲ့ ဖိုင်ကို double click ပေးလိုက်ပါ .. ပြီးရင် next => browse မှာတော့ ကိုယ် သွင်းချင်တဲ့ နေရာလေးကို ရွေးပေးပါ .. ရွေးပြီး ရင် Install လုပ်လိုက်ပါ ... ဥပမာ desktop ကို ရွေးပေးတယ်ဆိုရင် desktop ပေါ်မှာ PhotoshopPortable ဆိုပြီးတော့ ဖိုင်လေး နဲ့ပေါ်လာပါလိမ့်မယ် .. အဲ့ဒီ့ ကနေပြီးတော့ သုံးလိုက်ပါ ... အဆင်ပြေ ပါတယ် .....

Photoshop_Portable_13.0.1.1_Multilingual.exe

Photoshop_Portable_13.0.1.1_x64_Multilingual.exe

Friday, March 29, 2013

ကွန်ပြူတာ အသုံးပြုသူ အမျိုးအစား စာရင်း

 





မူလပိုစ့်ရေးသူကတော့စေတန်ဂေါ့ ဖြစ်ပါတယ် တော်တော်ကို ဗဟုသုတရမိလို့ ပြန်လည်မျှဝေပေးလိုက်ပါသည် ။ ကျွန်တော့် blog မိတ်ဆွေတွေရော ဘယ်အဆင့်မှာပါလဲ ဆိုတာစမ်းစစ်ကြည့်ကြပါဦး၊ ယခုအချိန်မှာ လူတိုင်းဟာ Computer ကိုအသုံးပြုနေကြပြီ၊ တချို့ဆို တစ်နေ့ကို တခါလောက် အွန်လိုင်း မဝင်ရရင် မနေနိုင်လောက်အောင်ပါပဲ  အင်တာနက်မသုံးပဲနဲ့ Computer ကြီးပဲ သီးသန့် သုံးနေတဲ့လူတွေလည်းရှိပါတယ်။ ဘာကြောင့် လူတွေ Computer ကိုနေ့စဉ်သုံးနေရတာလဲ။ မရှိလို့ မသုံးတဲ့လူတွေရှိသလို။ ရှိရဲ့နဲ့မသုံးတဲ့လူတွေလည်း ရှိကြတယ်။

ဘာကြောင့်သူတို့တွေကကောမသုံးကြတာလဲ။  ကျွန်တော် သိသလောက် ရေးကြည့်မယ်လေ။

ပုံမှန်အားဖြင့် Computer အသုံးပြုသူ ၃ မျိုး ၃ စား ခွဲနိုင်ပါတယ်။
1. End user အဆင့်
2. Advanced user အဆင့်
3. Developer or creator အဆင့်


End User အဆင့်

ပုံမှန် အသုံးပြုသူတွေပေါ့။ စာစီစာရိုက်လုပ်တယ်။ သီချင်းနားထောင်တယ်။ ရုပ်ရှင်ကြည့်တယ်။Game ဆော့ကြတယ်။ အင်တာနက်သုံး။ mail စစ်။ computer ကို သုံးတတ်ရုံပဲလေ။ သူတို့အတွက် အသုံးဝင်တဲ့အရာတွေကို ပဲအသုံးပြုကြတယ်။ သူတို့အနေနဲ့ကတော့ Computer ကဘဝမှာ ဖျော်ဖြေဖို့အတွက် လုပ်ငန်းအတွက် အပျင်းပြေဖို့အတွက် အသုံးပြုကြတယ်။ တချို့တွေဆို software တောင် မသွင်းတတ်ကြဘူး။ သူတို့အနေနဲ့ကတော့ ၁ ရက်လောက် computer မသုံးရလည်း ဘာမှဖြစ်မသွားဘူး။ ဒါပေမယ့် ၂ ရက်လောက် မသုံးရရင်တော့ မနေနိုင်တော့ဘူးလေ။ အလုပ်တွေမပြီးမှာ computer သုံးနေကျအချိန် မသုံးရရင် ပျင်းနေတတ်ရော။ online ကိုတော့ အပျင်းပြေဖို့ social အတွက် မသိတာတွေ ရှာဖို့အတွက် အသုံးပြုကြတယ်လေ။

Advanced User မရောက်ခင် အဆင့်

သူကတော့ဟိုစပ်စပ်ဒီစပ်စပ်ပဲ။ သူများတွေထက်ပိုသိချင်တယ်။ အများရှေ့မှာနည်းနည်းလေး ပညာပြတတ်ကြတယ်။ကိုယ်ဘာတွေလုပ်တတ်တယ်ဆိုပြီးတော့ပေါ့။ အဓိက computer မှာ ဘာတွေလုပ်လို့ရလဲ။ နောက်ပြီး ပျက်ရင် ဘယ်လိုပြင်ရမလဲ။ ဟိုကလိ ဒီကလိ လုပ်တတ်ကြတယ်။ အဲဒီ အဆင့် user တွေ လက်ထဲမှာ computer က အပျက်များတယ်။ သူတို့ကတော့ မသုံးရင် မနေနိုင်ဘူး။ အမြဲတန်း ကလိနေရမှ ကျေနပ်နေတာ။ online လဲ အမြဲလိုလိုသုံးတတ်ကြတယ်။ တွေ့သမျှ download ချ။ ပြီးရင် စမ်းကြည့်။ စတာတွေ လုပ်တတ်ကြတယ်။ online ကို အပျော်အနေနဲ့ကော ပညာအနေနဲ့ကော အသုံးချတယ်။

Advanced User အဆင့်

သေသေချာချာသိသွားပြီ။ လေ့လာစရာတွေတော့ ရှိနေဆဲပဲ။ ဒါကြောင့် အင်တာနက် ပုံမှန်သုံးဖြစ်တယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်အတွက် computer ကို အသုံးချတယ်။ computer က ဖော်ဖြေမှုဆိုတာထက် ကိုယ့်ဝါသနာဖြစ်သွားပြီ။ကိုယ့်ဝါသနာတွေကို computer နဲ့ ပေါင်းစပ်အသုံးချတယ်။ ပြသနာပေါင်းစုံလည်း တွေ့ကြုံဖြေရှင်းပြီးသွားပြီ။ အမြဲတန်းလိုလို အင်တာနက် သုံးဖြစ်တယ်။ ဟိုပြင်ဒီပြင် အမြဲလုပ်တတ်တယ်။
ကိုယ့် စက်ကို တတ်နိုင်ရင် အမြဲ Upgrade လုပ်တတ်ကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ ပညာတွေ မျှဝေတယ်။ မသိတာတွေ မေးမြန်းတယ်။

Developer or creator အဆင့်

သူကတော့ ဝါသနာပါရာလမ်းကို လျှောက်လှမ်းနေတဲ့သူတွေ အလုပ်အတွက် အသုံးပြုနေတဲ့လူတွေ သုံးကြတယ်။ နေ့စဉ်သုံးဖြစ်ကြတယ်။ သူတို့အနေနဲ့ online ကောတခြားနေရာတွေကနေ အမြဲ ပညာယူကြတယ်။ online ကို အကျိုးရှိစွာ အသုံးချတယ်။ သူတို့အတွက် အချိန်က သိပ်မရှိဘူးလေ။ တချို့တွေကလည်း ပညာတွေ မျှဝေကြတယ်။ မသိတာတွေ ကိုယ်တိုင်ရှာဖွေတယ်။ မတွေ့ရင်လည်း မေးဖို့ ဝန်မလေးကြဘူး။

ကဲမိတ်ဆွေတို့ ကောဘယ်အဆင့်မှာပါလည်းဗျာ...။

Credit to:  http://sarmyatnhar.blogspot.com

Tuesday, March 26, 2013

Smart Driver Updater Version 3.3 Full

PC မှ Driver တွေကိုရှာဖွေ Download ဆွဲပေးခြင်း၊ Update လုပ်ပေးမဲ့အပြင်၊ BackUp
,Restore တို့ပါအသုံးပြုနိုင်တဲ့ Driver software ပါ။အင်တာနက်ချိန်ဆက်ထားဖို့တော့
လိုပါမယ်။





  • Access to over 200,000 drivers
  • The latest Windows 7, Vista and XP Drivers
  • Popular printer, video, audio and sound drivers
  • Automatic scan finds and updates drivers in just minutes
  • Easily create and reinstall driver backups
  • Safe way to manage all your device drivers  

  • Full Version အတွက် Regkey ဖိုင်လေးကို D-Click နိုပ်ပြီး Run ပေးပါ။

    Size ~ 8.19 MB

     Download>>>>solidfiles (or) dropbox (or) sharebeast


    Pro Photoshop Lesson မြန်မာလို EBook


    Pro တွေရဲ့ Photoshop Lesson 9 အုပ်ပါပါတယ် ခင်ဗျာ။ လက်ရာတွေကတော့ မှတ်သား စရာ တွေ ချည်းပါပဲ့ ခင်ဗျား။ MMphotoshop က lesson တွေကို အခုပဲ့ PDF  ပြောင်းပြီး တင်ပေးလိုက်တာ ပါ။ Photoshop သမားတွေတွက် အသုံးဝင်လှ ပါတယ် ခင်မျာ.... Download ရယူနိုင်ကြပါပြီ


    Download=>Solidfiles / Mediafire